ဒီမနက် ရန်ကုန်မှာ နှင်းတွေ ဝေနေတယ်...
ဆောင်းရာသီရဲ့ သင်္ကေတတစ်ခုပေါ့...
ကောင်လေး ကောင်မလေးတွေက အနွေးထည်ကိုယ်စီနဲ့...
ကိုယ်တို့ တောင်ပေါ်မြို့လေးကို လွမ်းမိတယ်... တောင်ပေါ်မှာဆို ဒီအချိန် အရမ်းအေးနေမှာပဲ... ချစ်စရာကောင်းတဲ့ နှင်းဖြူဖြူလေးတွေ ဆိုင်းနေရင် ကိုယ့်တို့ရဲ့တောင်တန်းကြီးက သိပ်ကိုချစ်စရာကောင်းတာ...
ပြီးရင် အဲဒီမှာ ပန်းရောင်ချယ်ရီပန်းတွေ ရှိတယ်...
ဒီမှာတော့ ချယ်ရီတွေမရှိဘူး... ရောင်စုံ ကောင်မလေးတွေပဲရှိတယ်...
ငယ်တုန်းက ကျောင်းသွားတဲ့ မနက်တွေရဲ့ နှင်းဖြူဖြူလေးတွေ...
ကျောင်းဝတ်စုံလေးတွေကို လွမ်းတယ်...
ဒီအချိန်ဆို နှင်းတွေကြားထဲ လမ်းလျှောက်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ...
ဒါမှမဟုတ် ဆိုင်ကယ်စီးချင်စီးပေါ့.. နည်းနည်းတော့ ချမ်းမယ်... ဒါပေမယ့် ပျော်စရာကောင်းတယ်..
ခုတော့...
အလုပ်သွားဖို့ပြင်ဆင်ရတာနဲ့ နှင်းတွေကို ကိုယ်အချိန်ပေးပြီး မခံစားရတော့ဘူး...
နှမြောလိုက်တာ... နှင်းကျတဲ့အချိန်တွေကို ဒီအတိုင်း ကုန်ဆုံးခံလိုက်ရတာ...
နောက်တစ်ခါ ဘယ်အချိန်မှ အဲဒီနှင်းတွေကို ကိုယ်ပြန်မြင်ရမှာလဲ... ကိုယ်မသိနိုင်ဘူး...
တစ်ချိန်ကျရင်တော့... တောင်ပေါ်ပြန်မယ်...
နှင်းတွေကြားထဲပြန်နေမယ်...
Wednesday, January 28, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment