Thursday, May 7, 2009



အရမ်းကြိုက်တဲ့ အဆိုတော်ပါ...

ရန်ကုန်ညနေခင်း

တစ်ရက် ကိုယ်တို့ သူငယ်ချင်းတွေ အပြင်လမ်းလျှောက်ထွက်ကြတယ်.. Sunday ဆိုတော့ ဂျက်ဆင်တံခါးဖွင့်ထားလို့ ဓါတ်ပုံဝင်ရိုက်ကြတယ်...
ကိုယ်တို့လေးယောက်ပုံကို ဘယ်လိုရိုက်ရင်ကောင်းမလဲ စဉ်းစားရင်း Position စမ်းရင်း မတော်တဆရခဲ့တဲ့ ဓါတ်ပုံလေး၂ပုံပါ.... ကိုယ်အရမ်းကြိုက်သွားတယ်...






ရန်ကုန်ညနေ နေဝင်ချိန်ပါ...




ငှက်လေး ၂ ကောင် ချိန်းတွေ့နေတာ... မြင်အောင်ကြည့်နိုင်ပါ့မလားတော့ မသိဘူး... ဟိဟိ




Monday, May 4, 2009

ကိုယ်တို့ အလုပ်

၃၀ရက် ၄ လ ၂၀၀၉ (ဘိုကလေး)မှာရေးခဲ့တာပါ..



ဒီနေ့ ဆို ကိုယ်တို့ Project ရဲ့နောက်ဆုံးနေ့…
စသလိုနောက်သလိုနဲ့ Mission Completed လို့ ပြောကြတယ်…
Project တစ်ခုပြီးသွားတာ ဝမ်းသာစရာပါ… ဒါပေမယ့်… အလုပ်မရှိတော့တာကတော့ စိုးရိမ်စရာပေါ့…

ကိုယ်တို့အဖွဲ့မှာ လူငါးယောက်ပါတယ်… Project Manager က Indonesian… ကိုယ်က သူရဲ့ စကားပြန်… နောက်သုံးယောက်က ယောကျာင်္းလေးတွေ… သူတို့က ဘိုကလေးသားတွေပဲ… လူနည်းတော့ ကိုယ့်တို့ အုပ်စုလေးမှာ ပြဿနာသိပ်မရှိဘူး… အားလုံး အေးအေးဆေးဆေးပဲ…

ကိုယ်တို့ရဲ့ Projectက ဘိုကလေးကနေ သဘောင်္နဲ့ သွားရင် ၅ နာရီ ၆ နာရီလောက် မောင်းရတဲ့ အမာဆိုတဲ့ မြို့လေးမှာ မုန်တိုင်းဒုက္ခသည်တွေအတွက် နေအိမ်တွေ ဆောက်ပေးတာပါ… အဲဒီမြို့လေးက တောင်ကြီးမြို့က သစ်တောရပ်ကွက် တစ်ကွက်စာလောက်ပဲရှိမယ်… မုန်တိုင်းဒါဏ်ကို တစ်ခြားနေရာတွေလောက် ပြင်းပြင်းထန်ထန် မခံလိုက်ရဘူး… အိမ်ပြိုတာလောက်ကလွဲပြီး လူအသေအပျောက် သိပ်မရှိလိုက်တဲ့နေရာလေး…. မိသားစုတစ်စုပဲ သေတာ… အဲဒီမိသားစုကလည်း ဘိုကလေးမှာ ကလေးကျောင်းလာအပ်ရင်း မုန်တိုင်းမိလို့ ဖြစ်တာ…

အဲဒီအချိန်က ဒီလို ဘေးကင်းခဲ့တယ်ဆိုတော့ တခြားနေရာတွေက ဒုက္ခသည်တွေက အမာမှာရှိတဲ့ သချိုင်းကုန်းနဲ့ ဘုန်းကြီးကျောင်းကြားထဲက မြေကွက်လပ်မှာ လာနေကြတယ်… သူတို့တဲ့ နေရင်း ဒေသတွေကိုလည်း ပြန်မသွားရဲတော့ဘူးလို့ ဆိုတယ်… အဲဒီနေရာမှာ သူတို့အတွက် အိပ်မက်ဆိုးတွေရှိတယ်… နောက်တစ်ခါထပ်ဖြစ်ခဲ့ရင်လည်း အဲဒီနေရာမှာဆို သေမှာပဲ… လုံခြုံမှုမရှိဘူးတဲ့…

သူတို့နေတဲ့တဲလေးတွေက မိုးတွင်းအတွက် လုံခြုံမှုမပေးနိုင်ဘူး… ရှိတာလေးနဲ့ အိမ်ဖြစ်အောင် လုပ်နေကြတာဆိုတော့… မိုးကာစတွေနဲ့ မိုးပြီး အဖြစ်လေးတွေနေကြတာ…



အိမ်လေးတွေက သေးသေးလေးတွေနဲ့ မိသားစုက အများကြီး… သိတဲ့အတိုင်း ကိုယ်တို့တိုင်းပြည်မှာ သားဆက်ခြားတယ်ဆိုတာ သိပ်ထွင်ကျယ်တဲ့ ကိစ္စမဟုတ်တော့ … အိမ်ထောင်စုတစ်ခုမှာ သားသမီးတွေက လေး ငါးယောက် … အချို့ အိမ်တွေမှာဆို မိသားစုဝင် ၁၁ ယောက်တဲ့…

မိန်းကလေးတွေကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကြတော့ မွေးလိုက်တဲ့ကလေးတွေ… ကိုယ့် Project Manager ကတော့ တအံတသြနဲ့ “Sweet, ငါတော့ သူတို့ ဒီကလေးတွေရအောင် ဘယ်လိုများလုပ်ကြလဲဆိုတာ စဉ်းစားလို့မရဘူး” တဲ့… ဟုတ်လည်း ဟုတ်ပါရဲ့ အိမ်လေးကျဉ်းကျဉ်းလေးမှာ အခန်းဆိုတာမျိုးလည်း မရှိပဲ သူတို့ အဲဒီကလေးတွေကို ဘယ်လိုလုပ်ပြီး လုပ်ကြပါလိမ့်…
ကိုယ့်မှာလည်း အဖြေမရှိဘူး…

ပညာရေးကလည်း မထွန်းကား… ဗဟုသုတကလည်း မရှိ… ကိုယ်တို့သူတို့တွေကို လုပ်ပေးနိုင်တာက အိမ်ဆောက်ပေးတာတစ်ခုတည်းရယ်… သူတို့ကြားထဲမှာ ကိုယ်က သားဆက်ခြားရေးပညာပေးတွေလည်း သွားမလုပ်ရဲဘူး… မြန်မာတွေရဲ့ အယူအဆက ဒီလိုကိစ္စတွေကို လူကြားသူကြားထဲ ထုပ်ပြောတာမျိုးကို ကြိုက်ကြတာမဟုတ်ဘူး… မြို့မှာဆိုရင်တော့ ဒီလိုပြောရင် ပြဿနာမရှိပေမယ့်… ရွာတွေမှာတော့ ပြဿနာရှိတယ်…

ကိုယ်တို့နိုင်ငံလည်း တစ်ခြားနိုင်ငံတွေလို ဒီကိစ္စတွေကို ကျောင်းမှာ ပညာပေးအနေနဲ့ ထည့်သင်သင့်ပြီလို့ ထင်တယ်… ဆရာမတွေများ ဖတ်မိရင် ကိုယ်ကို မကြည်ဖြစ်နေအုံးမယ်… မတော်တဆ အဲဒီဆရာမက အပျိုကြီးများဖြစ်နေရင် ပိုဆိုး…

နောက်တစ်ခုက ကိုယ်တို့က အိမ်ရော အိမ်သာပါဆောက်ပေးတာပါ… အဲဒီထဲက တော်တော်များများက အရင်က အိမ်သာသုံးဖူးတဲ့သူတွေ မဟုတ်ကြဘူးတဲ့… ကဲ… ကျန်းမာရေးအတွက် ဘယ်လောက် စိတ်ပူရမလဲ… ကိုယ်တို့ကတော့ အိမ်နဲ့ အိမ်သာကို အနည်းဆုံး ၁၅ ပေခြားပြီး ဆောက်ပေးပါတယ်…

တစ်ရက်တစ်ရက် အဲဒီနေရာမှာ ပူပူလောင်လောင်နဲ့ ကိုယ်တို့ အလုပ်တွေလုပ်ကြရတယ်… ပထမဆုံး ကွင်းခေါင်ခေါင်ကြီးကို အိမ်ဆောက်လို့ရအောင် အပင်တွေရှင်း မြက်တွေရှင်းခိုင်းရပါတယ်… နောက် မြေကွက်တွေကို မြေတိုင်းစာရင်းရုံးက အကူအညီနဲ့ အကွက်ဖေါ်… အဲဒီအကွက်တွေကို ဘယ်သူက ဘယ်အကွက်ဆိုပြီး ပေးဖို့ကျတော့ မဲနှိုက်ရပြန်ရော… ဒီကြားထဲမှာ မြန်မာအယူအရ သားသမီးက မိဘရဲ့ ခေါင်းရင်းအိမ်မှာ မနေရတာ၊ မောင်နှမ၂ယောက်ကြားထဲမှာ နေရင် အဲဒီကြားထဲက သူက စီးပွားမဖြစ်ဘူး၊ ခိုက်တယ်ဆိုတာမျိုးတွေ… တော်သေးတယ်… အဲဒီကိစ္စတွေကို ကိုယ်တို့ ကိုယ်တိုင်ဝင်မလုပ်ပေးလိုက်ရဘူး.. ရပ်ကွက်ကလူကြီးတွေက သူတို့ကိုယ်တိုင် ဝင်လုပ်ပေးလိုက်ကြတယ်…

အဲဒီနောက်တော့ အိမ်တွေစဆောက်ပါတယ်… သင်္ကြန်ပိတ်ရက်ရှိသေးတော့ ကိုယ်တို့ အိမ်တွေ အားလုံးကို အပြီးမဆောက်ပေးနိုင်ခဲ့ဘူး… သင်္ကြန်ပြီးတော့မှာ ကျန်တဲ့ အိမ်လေးတွေကို အပြီးသပ်သွားဆောက်ပါတယ်… အိမ်တွေ အားလုံးပြီးသွားတော့ ကိုယ်တို့တွေပြန်ဖို့ နှုတ်ဆက်ကြတယ်… အားလုံးဝမ်းနည်းကြတယ်… တစ်လခွဲလုံး တူတူ ပြဿနာတွေ ဖြေရှင်းကြ… သူတို့တွေရဲ့ မိသားစုအခြေအနေတွေကို ကိုယ်တို့ကို ပြောပြကြနဲ့ အတော်ကို ခင်မင်ရင်းနှီးနေပါပြီ…






သူတို့ထဲမှာ မိန်းမနှစ်ယောက်ယူပြီး တစ်အိမ်ထဲမှာ တူတူထားတဲ့ သဘောကောင်းတဲ့ အမျိုးသားကြီး … သားသမီး ၂ ယောက် နာဂစ်မှာ ဆုံးသွားပြီး အခုနောက် တစ်ဗိုက်ထပ်လွယ်ထားတဲ့ မိန်းခလေး… နာဂစ်ဖြစ်ပြီး ဒုက္ခသည်စခန်းမှာမှ စတွေကြပြီး ငယ်ပေါင်းတွေလို့ကို ထင်ရအောင် တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတဲ့ သူငယ်ချင်း ၃ ယောက်… ကိုယ်ကိုတွေ့ရင် သူညီမလေးကို ကိုယ်လက်ထဲထည့်ပြီး ဆရာမ ခေါ်သွားလို့ ပြောတတ်တဲ့ ကလေးမလေး… (သူအမေကပါ ခေါ်သွားဆရာမ… အဲဒါမှ သူတို့ ပညာတတ်မှာ…တဲ့) နာဂစ်ဖြစ်ပြီးစ ရန်ကုန်က သူဌေးတွေလာတုန်းက မွေးစားချင်တယ်လို့ ပြောတာကို အမေက မထည့်တာကြောင့် မလိုက်သွားလို့ငိုတယ်ဆိုတဲ့ ကောင်မလေး…
ဘဝတွေ အများကြီးကို တစ်လကျော်ကျော်လောက်အတွင်းမှာ တွေ့လိုက်ရပါတယ်… ဒီလို ခဏလေးနဲ့ ကိုယ်တို့တွေ ဒီလိုခင်မင်ရင်းနှီးသွားပြီး ခုလိုခွဲရမယ်ဆိုတော့ လူတိုင်း မျက်ရည်ဝဲကြတယ်…







လေဘေးဒုက္ခသည် အုပ်စု (၂)ခုရဲ့ ခေါင်းဆောင် (၂)ဦးပါ…
ကိုယ်တို့ရဲ့ အလုပ်တွေကို အများဆုံးကူညီပေးခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်…
နှုတ်ဆက်ပွဲလုပ်နေတဲ့ အချိန်မှာ ကိုယ့် Project Manager နှတ်ဆက်စကားပြောနေတဲ့ အချိန် သူတို့ခံစားနေရတာကို ရိုက်ထားတာပါ…



သူတို့တွေ ဒီလို ခံစားနေရတာတွေ မြင်ပြီး ကိုယ်မှာ မျက်ရည်မကျမိအောင်… စကားပြောရင်း အသံတွေ မဝင်သွားအောင်… မနည်းကြိုးစားပါတယ်…

စကားပြောပြီး ဒီလိုပျော်ပျော်ရွင်ရွင် နှုတ်ဆက်ကြတယ်…







အဲဒါပြီးနောက်တစ်ရက် မနက် ၈နာရီမှာ အဲဒီအမာမြို့လေးကနေ ကိုယ်တို့ ထွက်ခဲ့ကြတယ်… သဘောင်္ဆိပ်အထိ သူတို့လိုက်နှုတ်ဆက်တုန်း…



တာဝန်နဲ့လာတဲ့ ကိုယ်တို့တွေကို သူတို့က စိတ်ရင်းအမှန်နဲ့ ခင်မင်ရှာတယ်… ကိုယ်တို့သူတို့ဆီ နောက် project တစ်ခုနဲ့ ပြန်ရောက်အုံးမှကို ကိုယ်တို့က သိပေမယ့် သူတို့ကို သေချာပြောပြလို့ မရလို့ သူတို့ကတော့ အပြီးပြန်တယ်ပဲ ထင်ကြတယ်…



ဒီကောင်မလေး ၃ ယောက်က ကိုယ်တို့ ငှားနေတဲ့ အိမ်နားက ညီအမတွေပါ… ကိုယ့်ကို ဘယ်လောက်များ တွယ်တာလဲဆို… နာဂစ် နောက်တစ်ခါ ထပ်ဖြစ်ရင် ကောင်းမှာ … ဒါမှ မကြီးဆွိနဲ့ ပြန်တွေ့ရမှာတဲ့… ဒါနဲ့ သူတို့ကို
နောက်အလုပ်တစ်ခု ထပ်ရရင် နာဂစ်ဖြစ်စရာမလိုဘူး ကိုယ်ပြန်လာမယ်ဆိုတာကို ပြောပြခဲ့သေးတယ်…

Saturday, May 2, 2009

ဒီနေ့

ဒီနေ့ နာဂစ်မုန်တိုင်းဖြစ်တာ... ၁ နှစ်ပြည့်ထဲ့နေ့ ....
အဲဒီမှာ အသက်ဆုံးပါးသွားသူတွေကို အမျှဝေပါတယ်...
ကျန်ရစ်သူမိသားစုတွေ အတွက်လည်း ဝမ်းနည်းကြောင်း ပြောချင်ပါတယ်...

Friday, May 1, 2009

သဘောင်္ဖြင့် ခရီးသွားခြင်း

ကိုယ် အခု ဘိုကလေးကို သွားတဲ့ သဘောင်္ကြီးပေါ်မှာပါ…
သဘောင်္နာမည်က ပုသိမ်သူ တဲ့…. ညနေ ၅နာရီခွဲ ရန်ကုန် စဉ်အိုးတန်းဆိပ်ကမ်းက ထွက်ပါတယ်… လက်မှတ်ကို ဖုန်းဆက်ပြီးဖြစ်ဖြစ်… ရောက်မှဖြစ်ဖြစ် ဝယ်လို့ရပါတယ်… သုံးထပ်သဘောင်္ကြီးပါ… ကိုယ်က တောင်ပေါ်သူဆိုတော့ အခုအလုပ်လုပ်မှပဲ ရေလမ်းခရီးနဲ့ ရင်းနှီးတာပါ… ခါတိုင်း တောင်ပေါ်မှာ ကားကြီးတွေပဲစီးနေကြဆိုတော့ သဘောင်္ရဲ့ အရသာကို ကိုယ်သိပ်မသိပါဘူး…. အခုတော့ သဘောင်္ရဲ့အရသာကို ကိုယ်တော်တော်ကြိုက်တတ်နေပြီ… ဇိမ်ကျတယ်… အိပ်ပြီးလိုက်သွားချင်လည်းရတယ်… လမ်းလည်းမကြမ်းဘူး.. ဖုန်လည်းမထူဘူး…

ကိုယ်တို့တွေတောင်ပေါ်ပြန်ရင် အဲကွန်းကားကြီးတွေနဲ့ ပြန်တော့ သိပ်မသိသာလှပေမယ့် ဘိုကလေးကားတွေကတော့ လုံးဝဇိမ်မကျပါဘူး… ဖုန်တလောင်းလောင်းနဲ့ ကားခုန်တာနဲ့ အီနေအောင်ကို ခံစားရပါတယ်… တစ်ခုတော့ ရှိတယ် ရူခင်းတွေကြည့်သွားလို့တော့ရတာပေါ့… ဒါပေမယ့် ရူခင်းတွေက ကြည့်ရင်းရင်း ဒါဒါတွေပဲဆိုတော့ ညီးငွေ့သွားပြန်ရော… ကားပေါ်ကထိုင်ခုံတွေကလည်း ကိုယ်တို့ဆီက အဲကွန်းကားတွေလို နောက်မှီကို လှန်လို့မရပါဘူး… ဟိုးကိုယ်တို့ငယ်ငယ်တုန်းက ကယားဘက်ကို ဆွဲတဲ့ကားတွေလိုပါ… ခုတော့ အဲဒီဘက်ကကားတွေ ကောင်းသွားပြီလား
ဒီတိုင်းပဲလားတော့ ကိုယ်လည်း မသွားဖြစ်တော့လို့ မသိတော့ပါဘူး…

ကိုယ်ဘိုကလေးသွားတာ ဒီတစ်ခါဆို သုံးခါမြောက်ပါ… ဒီတစ်ခါပဲ သဘောင်္နဲ့ သွားဖူးတာပါ… ပထမဆုံးအခေါက်က ရုံးကအစီအစဉ်နဲ့သွားတာ… ကားက နေ့လည် (၁) နာရီဆိုပြီး (၂) နာရီ ထိုးမှထွက်ပါတယ်… နေ့လည်ကြီးဆိုတော့ ပူလိုက်တာလည်း လွန်ပါရော… လမ်းတောက်လျှောက်လည်း ကားက နှေးပြီး လမ်းက ဂိတ်တွေမှာလည်း အကြာကြီး ရပ်ပါသေးတယ်… အဲဒီအခေါက်ကများ ကိုယ်ဘိုကလေးရောက်တော့ ည (၉) နာရီရှိပြီ…

ဒုတိယအခေါက်ကတော့ ကိုယ်ကိုယ်ကိုယ် စီစဉ်တာပါ… သင်္ကြန်ပြီးတောင်ကြီးက ပြန်အလာ… မုန်တိုင်းကလည်း ဖြစ်ပြီးခါစဆိုတော့ ကိုယ်ကြောက်လို့ ကားနဲ့ပဲပြန်သွားပါသေးတယ်… အဲဒီအခါလည်း တော်တော်ကို ပင်ပန်းပါတယ်… တောင်ကြီးကနေ ရန်ကုန်ကို ကားတစ်ညလုံးစီး မနက် ရန်ကုန်ရောက်ပြီး ညနေမှာ ကားပြန်စီးရတာ… ဒီအလုပ်များ အရင်က အလုပ်တွေနဲ့ ကွာပါတယ်… အရင်အလုပ်တုန်းကဆို တစ်ရက်တစ်ရက် အဲကွန်းခန်းထဲမှာ အင်တာနက်လေး သုံးနေရုံပဲ… ဒါပေမယ့် ဒီအလုပ်ကို ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ် ရွေးချယ်တာပါ…

(မမျှော်လင့်တဲ့အချိန်မှာ ဒီအလုပ်ကို ရလိုက်လို့ အရင်အလုပ်ကို ကိုယ်ဘာမှ ကြိုပြောချိန်မရှိလိုက်ပါဘူး… အဲဒါကြောင့် အရင်လကတည်းက ထွက်ခဲ့တဲ့ အဲဒီအလုပ်က လစာ အခု ဒီလကုန်ပြီ… ခုချိန်ထိမရသေးဘူး…မဆိုင်တာလေး ထည့်ရေးမိလို့ ကွင်းခက်တာပါတယ် ဘောစ့်ရေ… )

ဒီတစ်ခါတော့ သဘောင်္နဲ့ပြန်တော့ ခုကိုယ် ခရီးသွားရင်း တစ်ခါတည်း စာတောင်ရေးနေလို့ရသေးတယ်… စာကလည်းစိတ်ပါတဲ့ အချိန်လေး တစ်ခါတည်း ရေးလိုက်မှ မဟုတ်ရင် ပျောက်သွားရော… ကိုယ်လက်ရေးနဲ့ရေးထားတာလေးတွေရှိသေးတယ်… ဒါပေမယ့် နောက်တစ်ခါ အဲဒီရေးပြီးသား စာကို ပြန်ရိုက်ရမှာ ကိုယ်သိပ်ပျင်းတာပဲ… Notebook လေး ဝယ်ပေးတဲ့ ကြီးတော်ကို ကျေးဇူးကမ္ဘာပါ… အရမ်းကို တကယ်ကို ကျေးဇူးတင်တာပါ… ဒါလေးတစ်ခုတည်း မဟုတ်ပါဘူး သူကိုယ်ကို ပေးခဲ့တာ အများကြီးပါ… အားလုံးအတွက် ကျေးဇူးတင်ပါတယ်…

ခုဆို သူဒါလေးပေးခဲ့လို့ နက်ဖြန်ဆို ကိုယ် ဘိုကလေးမှာ အင်တာနက်သုံးလို့ရတော့မယ်… အဲဒီမြို့လေးမှာ အင်တာနက်ဆိုင်မရှိဘူး… GSM ဖုန်းမရှိဘူး… Computer သင်တန်းမရှိဘူး… (ကိုမျိုးရေ… ဘိုကလေးမှာ KMD လာဖွင့်ပါလား… ကိုဖြိုးနဲ့ ဖြိုး… ကိုကျော်စွာ… ခရမ်းပြာ… တို့ရော… အင်တာနက်ဆိုင် လာဖွင့်ဖို့ စိတ်မကူးဘူးလား… တစ်ဆိုင်မှ မရှိဘူးနော်.. ပြိုင်စရာကို မလိုဘူး..
မဖြိုးရေ ဆရာကို CMS အခွဲတစ်ခုလောက် လာဖွင့်ခိုင်းပါလား.. service center တစ်ခုမှမရှိဘူးနော်… ဒီမှာဆိုလည်း ဘယ်သူနဲ့မှကို ယှဉ်စရာမလိုတော့ဘူး..
အေးဆေးပဲ.. အဟဲ… လျှပ်စစ်မီးတော့ ရှားတယ်… မွဲဆေးဖေါ်တယ်ဆိုပြီး ကိုယ့်ကို ဝိုင်းဆော်နေပါအုံးမယ်… )

ဘိုကလေးမှာ ကိုယ်ပိုင် Laptop ရှိရင်တော့ WFP နဲ့ UNICEF မှာ သွားသုံးလို့ရပါတယ်… Free ဆရာ မိုက်တယ် … ဒီတစ်ခုတော့ …
ရေးရင်းနဲ့ ဘယ်တွေရောက်ကုန်လဲမသိပါဘူး…

ကိုယ်စရေးတုန်းကတော့ သဘောင်္ကြီးနဲ့ ခရီးသွားတဲ့ အကြောင်းရေးမို့ပါ… စာမရေးတာကြာတော့ ရေးချင်တာတွေများပြီး ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ… ပြန်လဲမပြင်ချင်ဘူး.. ဒီတိုင်းပဲဆက်ရေးလိုက်တော့မယ်နော်… ကိုယ်သဘောင်္ပေါ်စတတ်တော့ ၅ နာရီလောက်ပါ… လက်မှတ်က မနက်က ဖုန်းဆက်မှာထားတော့ ရတဲ့နေရာက နည်းနည်းကောင်းပါတယ်… လက်မှတ်ဝယ်ပြီး သဘောင်္ထွက်ခါနီး တော့ မိုးတွေအုံနေပါတယ်…


























သဘောင်္ဘေးမှာ ဇင်ယော်တွေ ဝဲလို့….

သဘောင်္မထွက်ခင်လေးမှာ မိုးတွေသည်းသည်းမဲမဲရွာလာတာ… ကိုယ်တစ်ယောက်တည်း ကြောက်မိသေးတယ်… ရေလည်းမကူးတတ်… တစ်ခုခုဆို ငါတော့ဒုက္ခပဲဆိုပြီးတော့… နောက်ပြီး ဥစွာလည်းခြောက်ရသေးတယ်… ကိုယ့်ပိုင်ဆိုင်ပစ္စည်းတွေအားလုံးနီးပါး ကိုယ်အိတ်ထဲမှာ တစ်ခုခုများဖြစ်ရင်.. လူလွတ်ရင်တောင် ကိုယ်ပစ္စည်းလေးတွေတော့ လစ်ပြီ… တော်သေးတယ်… သဘောင်္ထွက်ပြီး ခဏလေးနေတော့ မိုးတိတ်သွားတယ်…

ခဏလေးနေတော့ နေလေးနည်းနည်း ပြန်ပွင့်လာတယ်… ကိုယ်အရမ်းပျော်သွားတယ်… နေဝင်တာကို ဓါတ်ပုံရိုက်ရလို့… နေဝင်တာကို ကိုယ်သိပ်ချစ်တယ်… တောင်ပေါ်မှာရှိတဲ့ နေ့တွေဆို အောက်ဘုရားမှာ နေဝင်တာသွားသွားကြည့်တတ်တယ်… အိမ်ပြန်ရင် မိုးချုပ်လို့ အိမ်ကဆူတာ ခံရတာလည်း ခဏခဏ… မိုးချုပ်မှာပေါ့ အောက်ဘုရားတောင်ပေါ်ကနေ အောက်ဘက်က နေဝင်တာကို စောင့်ကြည့်တာဆိုတော့ ကိုယ်တို့တောင်ပေါ်မှာက နေဝင်တာကြာပြီ… ကိုယ်တို့က နေမင်းကြီးကို ငုံပြီးကြည့်နေတာလေ…

နေဝင်နေတာကို ရိုက်ထားတဲ့ပုံလေးတွေပါ…













ကိုယ်ဘေးမှာ အန်တီကြီးတစ်ယောက်လာ ရပ်ပါတယ်.. သူမြေးလေးကို ကိုယ်မော်ဒန်လုပ်ပေးဖို့ အကူအညီတောင်းပြီး တစ်ပုံရိုက်ပါသေးတယ်… သူက ကင်မရာကို တည့်တည့်ကြီး ကြည့်ပြီး ပြုံးပြပါတယ်.. ကိုယ်လိုချင်တာ အဲဒီပုံမျိုးမဟုတ်ဘူး.. သူရဲ့အရိပ်လေးနဲ့.. နေရောင်ကို ရိုက်ချင်တာ… ကိုယ်လည်း ထပ်တောင်းဆိုရမှာ အားနာတာနဲ့ ဒီတိုင်းပဲနေလိုက်ပါတယ်…

နောက်ကျတော့ သူအဖွားက ဒီလိုရပ်နေတော့ ကိုယ်ဒီပုံလေး ရိုက်ခွင့်ရသွားပါတယ်… ဒီတစ်ခါတော့ ခွင့်မတောင်းမိတော့ဘူး ကိုယ်ရိုက်ချင်လို့ ဒီတိုင်းလေးပဲ ရိုက်လိုက်တော့တယ်…



အဲ ခဏလေးနေတော့ အဖွားကြီးကို ခိုးရိုက်မိတဲ့ကိုယ် ချက်ခြင်းကို ဝဠ်လိုက်ပါတော့တယ် နေမင်းကြီးကို ကိုယ် ရေရေလည်လည် ခံစားနေတုန်း အကိုကြီးတစ်ယောက် ကိုယ်ကို သူဖုန်းနဲ့ ခိုးရိုက်နေတာ ကိုယ်တွေ့လိုက်တယ်… ပြဿနာမလုပ်ချင်တာနဲ့ ကိုယ်ဒီတိုင်းပဲ မသိသလိုနေပေးလိုက်ပါတယ်…

တံတားကြီးတစ်စင်းကို တွေ့လို့ ဓါတ်ပုံရိုက်လိုက်သေးတယ်… တံတားနာမည်ကိုတော့ ကိုယ်မတွေ့လိုက်ဘူး… တံတားပေါ်မှာရေးထားတဲ့ စာသားကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး ဆီသို့တဲ့…
ဘယ်လိုပဲပြောပြော တံတားနဲ့ နေဝင်ချိန် အရမ်းကို လှနေပါတယ်…







ဒီလိုနဲ့ သဘောင်္ပေါ်ကနေ မြစ်ရဲ့ အလှအပကို ခံစားပြီးလိုက်လာလိုက်တာ နေဝင်မှောင်သွားတဲ့ အထိပါပဲ…
ဒါကတော့ တစ်ဖြည်းဖြည်းမှောင်သွားတာကို စောင့်ရိုက်ထားတဲ့ ပုံတွေပါ...











နေဝင်သွားပေမယ့် ပတ်ဝန်းကျင်က အတော်ကို လှနေသေးပါတယ်…
အလှအပတွေကုန်သွားတော့ မလှပတဲ့ အရာတွေ ရောက်လာပါတယ်…
ကိုယ်တို့စီးလာတဲ့ ရှပ်ပြေးက ဘိုကလေးကနေ မော်ကျွန်းအထိရောက်ပါတယ်…
အဲဒီမှာ ဒုက္ခတွေ့တာပါ… ကားဆိုရင် မှတ်တိုင်ကျော်ပြီးပါသွားရင်တောင် ဆင်းပြီးလမ်းလျှောက်လို့ရသေးတယ်… အဲ … သဘောင်္မှာကတော့ ပါသွားရင်ပြီးပြီပဲ….

ကိုယ်အဲဒီလိုပါသွားတဲ့သူ ၂ ယောက်လောက် တွေ့ဖူးတယ်… ကားကြုံစီးလိုရပေမယ့် လှေကြုံစီးတဲ့ ကိစ္စတော့ မကြားဖူးပါဘူး… ဒါနဲ့ ဘိုကလေးကို ၁၂ ခွဲလောက်ဆို ရောက်တတ်တယ်ဆိုလို့ ၁၂ နာရီ ၁၅ မိနစ်မှာ Alum ပေးထားလိုက်တယ်… ဒါပေမယ့် ကိုယ်စီးလာတဲ့ သဘောင်္က အရမ်းကို နှေးလို့ ဘိုကလေး ရောက်တော့ မနက် ၄ နာရီလောက်ရှိပါပြီ…

အဲဒီမှာ ကိုယ်အိပ်လိုက်ရင်လည်း မော်ကျွန်းအထိပါသွားမှာ ကြောက်လို့ မအိပ်ရဲတာနဲ့… ၁၂ ခွဲကတည်းက ၄ နာရီသဘောင်္ကပ်ထဲ့အထိ ကောင်းကောင်းပြန် မအိပ်လိုက်ရပါဘူး…
စောစောက သဘောင်္ကို သဘောကျတဲ့ စိတ်တွေ နည်းနည်းဒီဂရီကျသွားတယ်…
နောက်ဆုံးဘိုကလေးရောက်တော့ ပိုဆိုးသွားရော… သဘောင်္က ကမ်းကပ်နေတာ နာရီဝက်လောက်ကို ကြာတယ်… ကမ်းကို လှမ်းတွေ့နေရလျှက်နဲ့ ကိုယ်မှာ ကမ်းပေါ်မတတ်ရဘူး…

နောက်ဆုံးကမ်းကပ်လို့ရတော့ သဘောင်္ ၂ စီးလောက်ကို ဖြတ်ရသေးတယ်… အဲဒီထဲက တစ်စီးက အရမ်းကို မြင့်နေလို့ တွယ်တတ်ရတယ်… အဲဒီသဘောင်္ပဲ ကမ်းကို ကုန်းဘောင် လို့ခေါ်တဲ့ သဘောင်္နဲ့ ဆိပ်ကမ်းကို ဆက်ထားပေးတဲ့ သစ်သားပြားက တစ်ပြားထဲ… ဝေးကလည်းအဝေးကြီး… ကိုယ့် ဖိနပ်စီးပြီး လျှောက်ရင် ပြုတ်ကျမှာစိုးလို့ ဖိနပ်တောင် ချွတ်လိုက်ရသေး… ရှိရှိသမျှ ဘုရားစာလည်း ကုန်တာပဲ…


ကိုယ်တော်တော်ကျွတ်သွားတယ်… ဒါပေမယ့် ကားထက်တော့ လူသက်သာတယ် … သဘောင်္စီးရတာ… လှိုင်းလည်း မမူးတတ်တော့.. လှိုင်းမူးတတ်တဲ့သူတွေအတွက်တော့ သဘောင်္က အဆင်ပြေမယ် မထင်ဘူး…