ကိုယ်က သိပ်စည်းကမ်းရှိတဲ့သူ မဟုတ်တော့ ပစ္စည်းတွေ ခဏ ခဏ ပျောက်တတ်တယ်...
ဒီတလောတော့ ကိုယ်အပျောက်များဆုံး အရာကတော့ ထီးပါ...
ကိုယ်တို့ရုံးကနေ မိုးတွင်းဆိုတော့ Rain coat နဲ့ ထီး တစ်မျိုးမျိုးကို field stuff တွေကို ပေးထားပါတယ်...
ရုံးကပေးတဲ့ထီးက အကြီးကြီးဆိုတော့ ဆောင်းလို့တော့ကောင်းရဲ့ သယ်ရတာတော့ မလွယ်ဘူး...
ပြီးတော့ Quality ကနည်းနည်းညုံတော့ field ထဲယူသွားဆောင်းပြီးရင် အဲဒီထီးက တိုက်ပွဲကနေ ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ပြန်လာတဲ့ စစ်သားတစ်ယောက်လိုပဲ... တစ်ချို့တစ်လေများဆို တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သားလိုပဲ .. ဘိုကလေးတောင် ပြန်မရောက်တော့ဘူး...
ကိုယ်ရဲ့ ထီးကတော့ နာမည်မထိုးထားပေမယ့် ဘိုကလေးထိတော့ ပြန်ပါလာသေးတယ်...
Stuff house ရောက်မှ ကိုယ့်ရဲ့ ဖွင့်လို့တောင်မရတော့တဲ့ ထီးကို ဘယ်သူက ယူဆောင်းသွားသလဲ မသိဘူး .. လုံးဝကို အစပျောက်သွားရော...
အဲဒါနဲ့ ဒုတိယထီးတစ်လက်ကို ရန်ကုန်ရုံးမှာ ကိုယ်အကြံအဖန်တွေလုပ်ပြီး ထပ်တောင်းလာတယ်... ဒီတစ်ခါ field ထဲဆင်းရင် ယူသွားမယ်ဆိုပြီးတော့ပေါ့... အဲဒီထီးကို သောကြာနေ့မှာ ကိုယ်ရုံးက ယူလာပြီး Sunday ဘိုကလေးကိုယူသွားမယ်ပေါ့..
အဲ... ဒါပေမယ့် ထီးအသစ်လေးခမျာ Taxi ပေါ်မှာ မေ့ကျန်ခဲ့တာနဲ့ ကိုယ်ဆောင်းတောင်မဆောင်းလိုက်ရဘူး...
ဒါနဲ့ သုံးလက်မြောက်ထီးအမည်းလေးကို ဘိုကလေးရောက်ရောက်ချင်းပဲ ကိုယ်ဝယ်လိုက်တယ်... အဲဒီညက မိုးရွာလို့ ကိုယ်တစ်ခါတော့ ဆောင်းလိုက်ရသေးတယ်...
နောက်တစ်ရက် ကိုယ် အမာ သွားတော့ အဲဒီထီးလေးယူသွားတယ်...
ဒီတစ်ခါသွားတာ အလုပ်သိပ်မရှိတော့ အမာမှာ တစ်ညပဲ အိပ်ပြီးပြန်လာတယ်...
သဘောင်္က မနက် ၄ နာရီထွက်မယ်ဆိုလို့ ကိုယ်တို့ ကမန်ကတန်း အိပ်ယာက ထပြီး သဘောင်္ဆိပ်ကိုပြေးရတာ...
အဲဒီထီးလေး ကိုယ်တို့ထည်းတဲ့ အိမ်မှာ ကျန်ခဲ့ပါလေရော...
ကိုယ်နည်းနည်း စိတ်နာသွားတယ်... ထီးတွေနဲ့ အကျိုးပေးမကောင်းလို့...
ထပ်လည်း မဝယ်နိုင်တော့လို့... ဒီတိုင်း မိုးကာအင်္ကျီတစ်ထည်နဲ့ ပေပြီးနေနေလိုက်တယ်...
အဲဒါTN ကိုပြောပြတော့ သူက သူပို့ထားတဲ့ ဟာသလေးနဲ့ ကိုယ့်ကို သတိပေးပါတယ်...
ဟာသက ဒီလိုလေးပါ...
လူတစ်ယောက် ဘုရားသခင်ထံသို့ သူဧ။်အပြစ်ကို ၀န်ချတောင်းပန်သည်။
ဘုရားသခင်။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။
သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။
အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို
ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက
မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီး
ကော်ဖီဖျော်တိုက်တယ်။ အဲ ... မိုးကလည်းတော်တော်နဲ့ မဆဲဘူး။
အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။
အဲဒါကြောင့် ခွင့်လွှတ်ပါ။
ဘုရားသခင်။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို
သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့
သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ
တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး
ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။
ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။
မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ
မှားသွားမိသေးတယ်။
ဘုရားသခင်။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။
လူ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။
အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။
ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။
အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။
ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ ...
အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ....................
ဘုရားသခင်။ ။ တော်တော် .. ဆက်မပြောနဲ့တော့။
ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မြန်မြန်ပြန်တော့။
မင်းဒီကိုလာတာထီးလည်းမပါဘူး။ အခုအပြင်မှာမိုးအုံ့နေပြီ။
ဘဝက မလွယ်ပါလား.. ထီးမပါတာလေးကိုနော်...
ဒါနဲ့ ထီးအစုတ်လေးတစ်လက်တော့ ကိုယ် ဆောင်ထားလိုက်တယ်...
Saturday, July 25, 2009
Subscribe to:
Post Comments (Atom)
4 comments:
နင်လုပ်မှပဲ မိုးရွာလာရင် သူငယ်ချင်းတွေကိုတောင် ကော်ဖီဖျော်မတိုက်ရဲ တော့ဘူး.. ဟဟဟ
အင်း.... နင်ကထီးပျောက်တာ...
ငါကထီးတွေများများလာတာ မိုးရွာတဲ့နေရာ ကြုံသလို ထီးတွေဝယ်ဝယ်လိုက်လို့...
အခုတော့ နည်းနည်း ပြန်များလာပြီ
ခရီးထွက်တဲ့ အချိန် ထီးယူသွားရင် ပျောက်လွန်းလို့
တစ်မြို့မှာ ထီးတစ်ချောင်းထားလိုက်တယ်.. ကဲ...
ပီခမ်းမှာ ထီးတွေများလာရင် ဒီကိုပို့ရင်ပို့လိုက်လေ..
ဖျောက်ပေးမယ် ဟိဟိ
စာလာဖတ်တယ်... ကျွန်တော့် ဒီတောင် ပိတ်မရတော့လို့ အပြင်က နေ ပတ်ထားရတယ်.. :)
Post a Comment