မနေ့က မျက်ကြည်လွှာကိစ္စနဲ့ ခွင့်တိုင်တယ်... ဘောစ့်က နားမလည်ဘူး ဘယ်လိုလှူမှာလဲ. မင်းရဲ့မျက်လုံးကို သူတို့ ယူထားလိုက်ကြမှာလား တဲ့
ဒါနဲ့ ကိုယ်က သေပြီးမှ သူတို့လာယူကြမှာပါလို့ ရှင်းပြလိုက်တယ်..
ကောင်းတယ်တဲ့ သူက ကိုယ့်ကို ချီးကျူးတယ်...
အဲဒီမှာ သူရုံးခန်းထဲရောက်နေတဲ့ ဧည့်သည်က တစ်စခန်းထရော...
အဲဒါမကောင်းဘူး.. Godက သူကိုယ်တိုင် ဘယ်သူကို ဘာပေးမယ်ဆိုတာ ရွေးချယ်ပြီးသား..
ဘယ်သူကို မျက်လုံး၊ ဘယ်သူကို လက်၊ ဘယ်သူကို ခြေထောက် ပေးမယ်လို့ သူဆုံးဖြတ်ထားတာ...
ဒါကို ငါတို့တွေက ဒီလို လုပ်လိုက်ရင် သူ့ကိုလွန်ဆန်ရာကျမယ် တဲ့
အဲဒီမှာ ကိုယ့်ဘောစ့်က ကိုယ်အသုံးမလိုတော့တာပဲ... သူများကို အလင်းရောင်ပေးနိုင်တာ ကောင်းတယ်လို့ပြန်ပြောပြန်တယ်...
ကိုယ်လည်းဆက်နားထောင်နေရင် မကောင်းတော့လို ပြန်ထွက်လာခဲ့တယ်...
ရုံးခန်းထဲမှာ သူတို့နှစ်ယောက် အငြင်းပွားပြီး ကျန်ခဲ့ရော.. ဟားဟား...
ရီတော့ ရီရတယ်...
ဒါပေမယ့် သူတို့နှစ်ယောက်မှာ ဘယ်သူမှားပြီး ဘယ်သူမှန်တယ်ဆိုတာ ကိုယ်မဆုံးဖြတ်တတ်ဘူး..
ကိုယ်ကတော့ ကိုယ်ဆရာတွေးသလိုပဲ တွေးပြီး ဒီကိစ္စကို စလုပ်တာပါ...
သူငယ်ချင်းတော်တော်များများလည်း ကိုယ့်လိုပဲတွေးကြပါတယ်..
ဧည့်သည်တွေးသလို ဘယ်သူမှမတွေးကြဘူး....
သူစကားတွေ နားထောင်ပြီး တွေးစရာတစ်ခုတော့ ရလိုက်ပါတယ်...
ကိုယ်က ကိုယ့်အစီအစဉ်အတိုင်းပဲ လုပ်မှာပါ...
Thursday, January 29, 2009
Subscribe to:
Post Comments (Atom)
2 comments:
သူ့အတွေးအခေါ်နဲ့သူပေါ့...
လှူချင်တဲ့လူက လှူပြီး.. မလှူချင်တဲ့သူက မလှူရုံပေါ့.. Anyway မျက်ကြည်လွှာအလှူကို သာဓုခေါ်ပါတယ်...
Post a Comment