လူတွေစည်လိုက်တာ... ခါတိုင်း IC ပွဲတွေ ဒီလိုမစည်ဘူး.. လေးဖြူပါလို့ထင်ပါရဲ့...
လက်မှတ်တွေက ရှေ့ရက်တွေကတည်းက ကုန်နေပြီး... ပွဲနေ့ကျတော့ အပေါက်ဝမှာ ၅၀၀၀ ပေးပြီးဝင်လို့ရတယ်...
ပွဲစပြီး ခဏနေတော့ လူတွေ တိုးလာပြီး အလကားပါ ဝင်လို့ရတယ်... အဲဒီမှာ လူတွေ အရမ်းများသွားတာ...
စစချင်းဝင်သွားတုန်းက ရန်တွေဖြစ်မလားလို့ စိတ်ပူနေသေးတယ်...
Show အချိန်မှာတော့ ရန်မဖြစ်ကြဘူး... အားလုံးက သီချင်းသံတွေနဲ့ စီးမျှောလို့...
ရေလည်လန်းသွားတာ... ဘာသီချင်းတွေဆိုသွားလဲတောင် မမှတ်မိတော့ဘူး..
လေးဖြူက BOB ထဲက စာမျက်နှာ၁၅၊ ငါရဲ့လမင်း နဲ့ သံယောဇဉ် ၃ပုဒ်ဆိုတာတော့ မှတ်မိတယ်...
၁၀ နာရီခွဲလောက်နဲ့ ပွဲပြီးသွားတော့ အားတောင်မရဘူုး...
ပွဲပြီးလို့ ပြန်ထွက်တော့မှ ရန်တွေဖြစ်လို့... ထွက်ပေါက်က ကျဉ်းလို့ထင်တယ်...
ခဏနေတော့ ရဲတွေရောက်လာပြီး ရန်ပွဲပြီးသွားတယ်..
လေးဖြူမှလည်း သူပရိတ်သတ်နဲ့သူ ရှိသလို ရန်ပွဲမှာလည်း ပရိတ်သတ်တွေရှိတယ်...
ဝိုင်းအားပေးလိုက်ကြတာ...
ကိုလေးဖြူကိုလည်း ကျေးဇူးတင်ပါတယ်.. ပွဲတွေပြန်ဆိုပေးတဲ့အတွက်...
တူတူသွားကြတဲ့ သူငယ်ချင်းတွေ စုရိုက်ထားတာပါ...
No comments:
Post a Comment