ပျော်စရာ ချစ်သူများနေ့ ဖြစ်ပါစေကြောင်း ချစ်သူရှိသူ စုံတွဲများအားလုံးကို ဆုတောင်းပေးလိုက်ပါတယ်...
ချစ်သူမရှိသူများကတော့ ကိုယ်ထိုက်နဲ့ ကိုယ်ကံပေါ့...
စောစောစီးစီးမှ မကြိုးစားထားတော့ ချော့ကလက်လေးတောင် ကျွေးမယ့်သူမရှိဘူးပေါ့... ဟိဟိ...
အဲဒါကို ခုမှလာပြီး ဆွိရေ... ငါအတွက် တစ်ယောက်လောက်ရှာပေးပါ လာလုပ်နေသူတွေက ရှိသေးတယ်...
စောစောအိပ်ယာထတဲ့ ငှက် ပိုးကောင်ရတယ်တဲ့... စောစောမှ အိပ်ယာမှ မထပဲ ခုမှတော့... ကိုယ်လည်း ဘာမှမတတ်နိုင်ပါဘူး...
ချောကလက် စားချင်သူတွေကိုတော့ ကိုယ်ဝယ်ကျွေးပါတယ်... အဲ ချစ်သူလိုချင်သူကိုတော့ မကူညီတတ်ဘူး... ကိုယ်မှာတောင် ရှားရှားပါးပါးရယ်... (အဟဲ... ဒီလိုပဲပြောရတာပဲ... ဘယ်သူဖတ်ဖတ် ပြဿနာမဖြစ်အောင်ပေါ့...)
ဒီနေ့ ကောင်လေး၊ ကောင်မလေးတွေ လက်ဆောင်ကိုယ်စီ၊ ပန်းလေးတွေ ကိုယ်စီ၊ ချောကလက်လေးတွေ ကိုယ်စီနဲ့ လျှောက်သွားနေကြတယ်... ကိုယ်ကတော့ အလုပ်ထဲမှာပါ... တစ်ချို့ရုံးတွေက ရုံးစောဆင်းပေးတယ်တဲ့... ကိုယ်ကတော့ အချိန်ပြည့်ရုံးမှာပါ... ကိုယ်ကိုယ့်ကိုယ်တောင် သနားသွားပြီ...
ဒီနေ့လေး ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာတော့ အားလုံးသိပြီးသားမို့ ပြောဖို့လိုမယ်မထင်ပါဘူး... ကိုယ်ပြောချင်တာက လူတွေက ကိုယ့်ချစ်သူကို ကိုယ်ချော့ကလက်လေးကျွေးဖို့များ ဘာလို့ ချစ်သူများနေ့မှာမှ
ကျွေးချင်ရတာလဲ.. တခြားနေ့တွေမှာလည်း ချစ်သူကို ဒီနေ့လိုပဲ ဂရုစိုက်နေမယ်... ချစ်နေမယ်ဆို ဘယ်လောက်ကောင်းမလဲ... ဒီလိုဆို လောကကြီးက ဘယ်လောက်များ သာယာလှပလိမ့်မလဲ... ခုတော့ ချစ်သူကို ချစ်ဖို့များ ရက်သက်မှတ်နေသေးတယ်... ကလန်ကဆန်လုပ်တာမဟုတ်ပါဘူး... တွေးမိတာလေး ပြောတာပါ...
အချစ်မှာ ကန့်သတ်ချက်တွေ ရှိနေဖို့ လိုလား...
Saturday, February 14, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment