Tuesday, February 24, 2009

စာမျက်နှာ တစ်ဆယ့်ငါး

ကိုလေးဖြူရဲ့ BOB ခွေရဲ့ နောက်ဆုံးအပုဒ်ရဲ့ သီချင်းခေါင်းစဉ်က
စာမျက်နှာ တစ်ဆယ့်ငါး ပါ...
သီချင်းစာသားတွေကတော့ ဘယ်ဆီကိုမင်းရောက်နေလဲ
ဘာတွေကိုမင်းလုပ်နေမလဲ
ဘယ်သူနဲ့မင်းရှိနေမလဲ....
တဲ့
စာသားနဲ့ ခေါင်းစဉ်နဲ့ ဘယ်လိုဆက်စပ်တွေးရမလဲတောင် မသိပါဘူး...
သီချင်းကတော့ နိုင်ငံတော်သီချင်းလို့ ခေါ်ရလောက်အောင် ပေါက်သွားပါတယ်...

ဟိုနေ့ကမှ တစ်ယောက်ကပြောပြပါတယ်... အဲဒီဆက်စပ်မှုကို... အားလုံးကို သိစေချင်လို့ ဒီပိုစ့်ကိုရေးတာပါ...
ရေးခွင့်ရှိမရှိတော့မသိပါဘူး... ဒါပေမယ့် ရေးပါ့မယ်...

စာမျက်နှာ တစ်ဆယ်ငါး ကို အင်္ဂလိပ်လိုရေးရင် Page 15 ပါ...
အဲဒီက P ကို ဖြုတ်... ဒါဆို AGE 15 ရပါတယ်...
တကယ်တမ်းတော့ အသက် ၁၅ နှစ်တုန်းက မိန်းကလေးတစ်ယောက်ကို တမ်းတပြီးရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ပါ...

ဒါကြောင့် အတိတ်တွေက မှုန်ဝါးပေမယ့်... ဆိုတာမျိုးတွေပါနေတာပါ...
ဒီအကြောင်းတွေကို သိလိုက်ရမှ သီချင်းကို အပြည့်အဝခံစားပြီး နားထောင်လို့ပိုကောင်းသွားပါတယ်...
ဒါမှ ကိုယ်ရဲ့ စာမျက်နှာတစ်ဆယ့်ငါး ကိုမြင်ယောင်ပြီး ခံစားလို့ရသွားမှာပါ...
ကိုယ်တော့ တော်တော်ပြန်စဉ်းစားယူလိုက်ရတယ်...

2 comments:

Anonymous said...

Nope, it does not meant for age 15, its meant "Page 15 of newspaper" Page 15 Usually used for "Divorced" Announcement! Thanks

sweet-sweet said...

ကိုယ်ကတော့ အဲလိုမထင်ပါဘူး...
သေချာတဲ့သူက ပြောလို့ ဘလော့ပေါ်အထိတင်ခဲ့တာပါ...
လက်မခံနိုင်ဘူးဆိုရင်လည်း မတတ်နိုင်ပါဘူး...
comment ပေးတာကိုတော့ ကျေးဇူးတင်ပါတယ်...
နောက်လည်း လာပြီး ဝေဖန်ပေးပါအုံး...