Wednesday, February 4, 2009

သေနည်းသင်တန်း

Sunday တုန်းက သေနည်းသင်တန်းဆိုတဲ့ သင်တန်းတစ်ခုသွားတတ်တယ်...
တရားထိုင်တာပါပဲ... ရွှေတိဂုံဘုရားတောင်ဘက်မုဒ်က ဓမ္မာရုံတစ်ခုမှာပါ...
ည ၇ နာရီကနေ ၉ နာရီလောက်အထိပါ...
၇ နာရီ မှာ တရားစဟောပြီး ၇ နာရီခွဲကနေ ၈ နာရီခွဲအထိ တရားထိုင်ရပါတယ်...
တရားမထိုင်ခင် ဘုရားရှိခိုးပြီး ခင်ပွန်းကြီး ၁၀ ပါးကို ရှိခိုးရပါတယ်...
တရားထိုင်ပြီးတော့ မေတ္တာပို့ အမျှဝေတာ နောက်ထပ်နာရီဝက်ကြာပါတယ်...

တရားဟောဆရာကလည်း လေသံအေးအေးလေးနဲ့ ဓမ္မာရုံကလည်း အေးအေးချမ်းချမ်းဆိုတော့ .... တော်တော်ထိုင်လို့ကောင်းပါတယ်...
သူတို့တရားပွဲက Sunday တိုင်းရှိတယ်လို့သိရပါတယ်... ခုအပတ်နဲ့ဆို ၆ ပတ်ရှိပါပြီ...
နောက်အပတ်တွေမှာလည်း သွားဖို့ဆုံးဖြတ်ထားပါတယ်...

အမြဲတမ်း IC Show ပဲ သွားသွားကဲနေလို့တော့မဟုတ်သေးဘူး မလား... အသက်ကတစ်ရက်တစ်ရက် ကြီးလာပြီဆိုတော့ ... သေခြင်းတရားဆိုတာ ဘယ်အချိန် ကိုယ်ဆီရောက်လာမယ်ဆိုတာ မသိနိုင်လို့ ဒီအလုပ်တွေ ကြိုလုပ်ပါတယ်...

ဒီအပတ်ကတော့ ရေလည်ခံလိုက်ရပါတယ်... ပွဲမှာကထားတဲ့ အရှိန်နဲ့ တကိုယ်လုံးညောင်းကိုက်နေတဲ့ အချိန် ၂ နာရီလုံး တရားထိုင်သလို ထိုင်လိုက်ရတာ.. ကိုယ်တော်တော်လေး အီသွားပါတယ်...

အဲမေ့တော့မလို့ တရားပွဲပြီးပြန်တဲ့အချိန် အဟာရဒါနဆိုပြီး ပလာတာကျွေးသေးတယ်.. ဟဲဟဲ

No comments: