TC ကို ကစားဖြစ်တာ ၂ နှစ်နီးပါးလောက် ရှိပါပြီ...
ငယ်ကတည်းက မိန်းကလေးပေမယ့် အကိုတွေ မောင်တွေနဲ့ ဂိမ်းလုကစားခဲ့တာပါ...
ဒါပေမယ့် TC လောက် ဘယ်ဂိမ်းကိုမှ စွဲစွဲလမ်းလမ်းမရှိခဲ့ဖူးပါဘူး...
TCကို စကစားဖြစ်တာကတော့ အဲဒီတုန်းက ကိုယ်Internetသုံးတဲ့ဆိုင်မှာ တစ်ဆိုင်လုံး ကစားကြပါတယ်...
သူတို့တွေပြောတော့ ဂိမ်းဆော့နေတယ်... ဆိုပြီး သူတို့ကို ကြည့်လိုက်တော့ စာတွေပဲရှိတဲ့ ဆိုက်တွေပဲကြည့်ကြည့်နေကြလို့ ကိုယ် အံသြနေတာပါ... နောက်ကျတော့ ကိုယ်သူငယ်ချင်းမလေး တစ်ယောက်ဆီကနေ ကစားနည်းမေးပြီး စဆော့လိုက်တာ...
TC ထဲမှာ ဘဝတစ်ခုကို ကိုယ်သွားတွေ့ရော...
ဟုတ်တယ်... TC Player တွေအတွက် ဘဝအသစ်တစ်ခုလိုပါပဲ...
အလုပ်လုပ်တယ်... ပိုက်ဆံရှာတယ်... အိမ်ဝယ်တယ်... အိမ်ထောင်ပြုတယ်... Crimeလုပ်လို့လည်းရတယ်... စသည်ဖြင့်ပေါ့...
Levelတွေ မြင့်လာတာနဲ့ လုပ်လို့ရတဲ့ အရာတွေ ပိုပိုများလာတယ်... ပိုပြီးစိတ်ဝင်စားဖို့ကောင်းလားရော...
ဥပမာ.. Level 15 ရောက်ရင် ခရီးထွက်လို့ရလာတယ်... ကိုယ်ကတော့ အာဖရိကသွားပြီး အမဲလိုက်တယ်...
Level တစ်ခါတစ်ခါတတ်ဖို့ကလည်း တော်တော်ကြိုးစားရပါတယ်... ပြီးတော့ ကိုယ်ဘယ်အချိန်မှာ Level တတ်ဖို့ Experience ဘယ်လောက်ရှိပြီလဲဆိုတာ မသိရတာကလည်း Feelတစ်မျိုးပါ... ကိုယ် Login လုပ်တဲ့အချိန် Lever ဘေးမှာ Upgrade ဆိုတာလေးပေါ်နေရင် အရမ်းပျော်ရပါတယ်...
TC ဆော့ရင်းနဲ့ ခင်တဲ့သူငယ်ချင်းတွေလည်းများသား... သူတို့နဲ့တွေ့ပြီဆိုတာနဲ့ TC အကြောင်းကလွဲလို့ ဘာမှမပြောပါဘူး.. အဲလို စွဲလမ်းကြတာ...
တူတူလိုက်ဆော့ဖို့ ဆွယ်နေတာတော့ မဟုတ်ပါဘူး... ကိုယ်ကြိုက်တဲ့အကြောင်းလေး ပြောပြတာပါ...
Wednesday, February 18, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment