Thursday, February 12, 2009

ခေါက်ယာဂု ရှမ်းပြည်မှာပဲရှိတာလား....

တပို့တွဲလမှာ တမင်းနဲထိုးကြပါတယ်...
ကိုယ်တို့ ရှမ်းပြည်မှာတော့ ယာဂုပေါ့...
ဒီမှာတော့ ထမင်းနဲ့ပဲရှိပါတယ်... ကိုယ်ကတော့ ရှမ်းပြည်က ပီပီ ထမင်းနဲကို သိပ်မကြိုက်ပါဘူး... ဒီအချိန်ဆို ခေါက်ယာဂုပဲစားချင်တာပဲ... လိုက်ရှာလို့လည်း မတွေ့ဘူး...
ဒီချိန် ရှမ်းပြည်မှာဆို တစ်အိမ်နဲ့ တစ်အိမ် ပို့လိုက်ကြတာ... များလွန်းလို့ စားတောင်မစားချင်တော့တဲ့ အထိပါ...

ခုတော့ အဲဒီအချိန်တွေကို လွမ်းလိုက်တာ... နောက်ဆုံး ဘယ်လိုမှ အနေနိုင်တော့လို့ အိမ်ကို လှမ်းမှာမိပါတယ်.. အိမ်က လုပ်ပြီးသားတွေ ထည့်လိုက်ရင် မကောင်းတော့မှာ စိုးလို့ ကိုယ်ကိုယ်ကိုယ် လုပ်စားလို့ရအောင် ကုန်ကြမ်းတွေ ထည့်ပေးလိုက်လေရဲ့...
ဒီနေ့ အလုပ်ပိတ်တာနဲ့ဆိုတော့ ကိုယ်လည်း ဒီနေ့ပဲလုပ်စားလိုက်တယ်... သူများတွေကိုတော့ မဝေတော့ပါဘူး.. ရေများသွားပြီးပျော့သွားလို့... ကိုယ်ကိုယ်ကိုယ်တော့ စားလို့ကောင်းနေသား...

No comments: